‘‘ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာအုပ်စုတွင်းရှိ ဟိုပန်ကျေးရွာ မီးလောင်မှုဖြစ်ပွါး’’ လင်းလင်း(လားရှိုး)
ရှမ်းပြည်နယ်မြောက်ပိုင်း
နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာအုပ်စု ဟိုပန်ကျေးရွာရှိအိမ်ခြေများမီးလောင်မှုဖြစ်
ပွါးမှုနှင့်ပတ်သက်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ
၁၉-၅-၂၀၁၆ နေ့ မွန်းလွဲ(၂း၀၀) အချိန်တွင်မီးဘေးသင့်သူပြည်သူ အိမ်ထောင် စုဝင်များအတွက်
ထောက်ပံ့ငွေများ ကူညီထောက်ပံ့ပေးအပ်ခြင်း အခမ်း အနားတခုပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။
အဆိုပါ
ဟိုပန်ကျေးရွာမှာရွာကြီးတရွာဖြစ်ပြီးကျေးရွာတွင်းရှိအိမ်ခြေ (၆၂)လုံးနှင့် ရွာဦးဘုန်းကြီးကျောင်း
တကျောင်း၁၅-၅-၂၀၁၆နေ့မွန်းလွဲပိုင်းတွင်မီးဘေးသင့်ခဲ့ကြောင်း၊ထိုသို့မီးဘေးသင့်ခဲ့ရခြင်းမှာ
အမည်မသိသော လက်နှက်ကိုင် သောင်းကြမ်း သူအဖွဲ့စည်းတခုမှ မီးလောင်မှုဖြစ်ပွါးအောင်ဖန်တီးခဲ့သည်
ဟုထိုဒေသခံ ပြည်သူများမှသုံးသပ် ပြောဆိုနေကြ ကြောင်းသိရှိရသလို အိမ်ခြေ(၆၂)လုံးမှ အိမ်ထောင်စုဝင်များ
အားလုံး အိုးမဲ့အိမ် မဲ့ဖြစ်ပွါးခဲ့ကြောင်းသိရှိရပါသည်။
ထို့အတွက်ကြောင့်ပင်
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ အိမ်ထောင်စု တစုလျှင် ငွေကျပ် (၅၀၀၀၀၀/ိ)ကျပ်ဖြင့်
စုစုပေါင်းငွေကျပ် (၃၁၅)သိန်းနှင့်လူအသုံးအဆောင်ပစ္စည်းများဖြစ်သည့် အမျိုးသားဝတ်
လုံချည်များ၊အမျိုးသမီးဝတ်လုံချည်များ၊
စောင်များ၊ တဘက်များ၊ဒဏ်အိုးများ၊ဇလုံများ၊ တည်ရှပ် အင်္ကျီများ၊ ဆပ်ပြာများ၊နှစ်ယောက်အိပ်ခြင်ထောင်များကို(၁၉-၅-၂၀၁၆
နေ့ မွန်းလွဲ ၂း၀၀ အချိန်)မှာ နမ့်ခမ်းမြို့၏ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင်
ထောက်ပံ့ပေး အပ်ခြင်းအခမ်းနားပြု လုပ်ခဲ့ပါကြောင်းကို
ရှမ်းပြည်နယ်မြောက်ပိုင်း ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး
ဦးကျော်ကျော်ထွန်းမှ လားရှိုးမီဒီယာဂရုနှင့် တွေ့ဆုံမေးမြန်းမှုပြုလုပ်စဉ်တွင် အတည်ပြုပြောကြားခဲ့ပါသည်။
ထိုနမ့်ခမ်းမြို့မှအပြန်တွင်လည်း
လားရှိုးမြို့ရပ်ကွက်(၁၂)ရှိသီရိမင်္ဂလာမန်ုဆူရှမ်းကျောင်းတွင်ရောက်ရှိနေကြ သည့် စစ်ဘေးရှောင်တိုင်းရင်းသားပြည်သူများကိုလည်းဘဲဆက်လက်ကာ
ထောက်ပံ့ကူညီမှုများပြုလုပ်သွားရန် ရှိပါကြောင်းကိုလည်း ၄င်းမှပင်ပြောကြားခဲ့ကြောင်းသိရှိရပါသည်။
လင်းလင်း(လားရှိုး)



